from 0 review
4D 3N
Specific Tour
1 person
English, Myanmar
မြန်မာနိုင်ငံတောင်ဘက်အစွန်းနားမှာရှိတဲ့ ???? ???? ?????? လေးမှာ အနားယူနိုင်မယ့် ရန်ကုန် – ကော့သောင်း – Awei Pila – ကော့သောင်း (၃ ညအိပ် ၄ရက်) ခရီးစဉ်ကို Oway နဲ့အတူသွားလည်ကြရအောင်!
ပြာလဲ့နေတဲ့ပင်လယ်ပြင်ကို တဝကြီးငေးမောကြည့်ရင်း တိုက်ခတ်လာတဲ့လေနုအေးအေးလေးတွေနဲ့အတူ အားလပ်ရက်တွေကို ဖြတ်သန်းမယ်ဆိုရင်တော့ စိတ်ကူးနဲ့လက်တွေ့ထပ်တူကျစေမယ့် ဒီ Awei Pila Resort ခရီးစဉ်လေးကို ရွေးချယ်လိုက်ပါ။
ရန်ကုန် - ကော့သောင်း - Awei Pila
ရန်ကုန်မြို့ မှ ကော့သောင်းမြို့ သို့ လေယာဉ်ဖြင့် ထွက်ခွာပါမယ်။ ကောင်းသောင်းမြို့ရှိဒေသစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် Awei Pila ကျွန်းသို့ Speed Boat ဖြင့်ဆက်လက်ထွက်ခွာပါမယ်။ Awei Pila Hotel တွင် Check – In ဝင်ကာ ခေတ္တအနားယူပါမယ်။ ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။
Awei Pila
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ ဟိုတယ်မှ စီစဉ်ပေးထားသော (Snorkeling, Kayaking, Jungle trekking to fisherman’s Village) စတဲ့ ပျော်ရွင်ဖွယ်ရာ အစီအစဉ်များတွင် ပါဝင်လုပ်ဆောင်နိင်ပါတယ်။ နေ့လည်စာ နှင့် ညစာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ Awei Pila Hotel တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။
Awei Pila
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ ဟိုတယ်မှ စီစဉ်ပေးထားသော (Snorkeling, Kayaking, Jungle trekking to fisherman’s Village) စသည့် ပျော်ရွင်ဖွယ်ရာ အစီအစဉ်များတွင် ပါဝင်လုပ်ဆောင်နိင်ပါတယ်။ နေ့လည်စာ နှင့် ညစာကို ဟိုတယ်တွင် သုံးဆောင်ပါမယ်။ Awei Pila Hotel တွင် အေးချမ်းစွာအိပ်စက် အနားယူပါမယ်။
Awei Pila – ကော့သောင်း - ရန်ကုန်
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Check – Out ပြုလုပ်ပါမယ်။ ဟိုတယ်မှ ကော့သောင်းလှေဆိပ်သို့ Speed Boat ဖြင့် ထွက်ခွာပါမယ်။ ကော့သောင်းလေဆိပ်သို့ ကားဖြင့် ဆက်လက်ပို့ဆောင်ပေးပြီး ရန်ကုန်မြို့ သို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဆက်လက်ထွက်ခွာပြီး ပျော်ရွင်ဖွယ် ခရီးစဉ်လေး ပြီးဆုံးမည်ဖြစ်ပါတယ်။
Leave a review